back

နွေစပါးပေါ်ချိန် ဈေးကောင်းမရလျှင် ဧရာဝတီတိုင်းဒေသကြီးရှိ တောင်သူများ အရှုံးပေါ်နိုင်

Mar 05 • 11:11 AM

breaking-news

မြန်မာ

ဧရာ၀တီ

cover

နွေစပါးပေါ်ချိန် ဈေးကောင်းမရလျှင် ဧရာဝတီတိုင်းဒေသကြီးရှိ တောင်သူများ အရှုံးပေါ်နိုင်

အခုနှစ် နွေစပါးပေါ်ခါစချိန်မှာ ရန်ကုန်နဲ့ ဧရာဝတီတိုင်းဒေသကြီးတွေက စိုက်ပျိုးထုတ်လုပ်တဲ့ ဧည့်မထ အုပ်စုဝင် ဆန်ကြမ်းစပါးတချို့ဟာ မနှစ်ကထက် ဈေးကျဆင်းနေပြီး ဈေးကောင်...


အခုနှစ် နွေစပါးပေါ်ခါစချိန်မှာ ရန်ကုန်နဲ့ ဧရာဝတီတိုင်းဒေသကြီးတွေက စိုက်ပျိုးထုတ်လုပ်တဲ့ ဧည့်မထ အုပ်စုဝင် ဆန်ကြမ်းစပါးတချို့ဟာ မနှစ်ကထက် ဈေးကျဆင်းနေပြီး ဈေးကောင်းမရရင် တောင်သူတွေ အရှုံးပေါ်နိုင်တယ်လို့သိရပြီးမနှစ်က တင်းတစ်ရာကို ကျပ်သိန်း ၂၀ ကျော်ဝန်းကျင်အထိ ဈေးရရှိ ခဲ့ပေမယ့် အခုနှစ် စပါးပေါ်ချိန်မှာ နေရာဒေသနဲ့စပါး အရည်အသွေးအလိုက် ကျပ် ၁၄ သိန်းကနေ ကျပ် ၁၇ သိန်း လောက်သာ ရရှိနေတယ်လို့ သိရပါသည်။ပြီးခဲ့တဲ့ မိုးစပါးရာသီတုန်းကလည်း ရာသီဥတုဒဏ်ကြောင့် ပျက်စီးခဲ့လို့ တောင်သူတွေ အရှုူံးပေါ်ခဲ့ပြီး လာမယ့် နွေစပါးရာသီမှာတော့ ဈေးကောင်းရဖို့ မျှော်လင့်နေကြတာပါ။ သဘာဝရေနဲ့ စိုက်ပျိုးတဲ့ စပါးတစ်ဧကရဲ့ စိုက်ပျိုး ထုတ်လုပ်မှုစရိတ်က ကျပ် ၁၄ သိန်း ဝန်းကျင်လောက်ရှိပြီး ရေသွင်းစိုက်တဲ့စပါးတစ်ဧကရဲ့ ထုတ်လုပ်မှုစရိတ်က ၁၇ သိန်း ဝန်းကျင်ရှိတယ်လို့ သိရပါသည်။




news-view-count-icon

16