၂၀၂၄ ခုနှစ်အတွက် ပြုလုပ်ခဲ့သော ကျန်းမာရေးစစ်တမ်းများအရ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပိုးတွေ့အဆုတ်တီဘီလူနာများ ပိုမိုများပြားလာလျက်ရှိနေကြောင်း သိရပါသည်။ရန်ကုန်မြို့အတွင်း စီးဆင်းနေတဲ့ လူအုပ်ကြီးတွေရဲ့ကြားထဲ တိုးဝှေ့သွားလာနေကြတဲ့ ရန်ကုန်သူ/ ရန်ကုန်သားများအနေနဲ့ လေထဲကနေတစ်ဆင့် တီဘီရောဂါပိုးကူးစက်ခံရနိုင်ခြေဟာလည်း ယခင်ကထက် ပိုမိုများပြားလို့နေတာဖြစ်ကြောင်းသိရပါသည်။



