back

မွန်ပြည်နယ်တွင် တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းလေးမျိုးဖမ်းမိခဲ့

Mar 05 • 6:28 AM

breaking-news

မြန်မာ

မွန်

breaking-news
cover

မွန်ပြည်နယ်တွင် တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းလေးမျိုးဖမ်းမိခဲ့

မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မော်လမြိုင်မြို့ ငန်းတေးဂေါက်ကွ...

မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မော်လမြိုင်မြို့ ငန်းတေးဂေါက်ကွင်းအနီး၌ ရပ်တန့်ထားသော မော်တော်ယာဉ်လေးစီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းလေးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇,၅၀၀,၀၀၀)နှင့် အဆိုပါ ပစ္စည်းများတင်ဆောင်လာသည့် Nissan Condor Truck နှစ်စီး၊ Hingo Ranger Truck တစ်စီးနှင့် Mitsubishi Fuso Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၈,၀၀၀,၀၀၀)ကိုလည်းကောင်း၊ မော်လမြိုင်မြို့ မြေနီကုန်းကားကြီးဝင်းရှိ ရိုးရိုးလေးကားဂိတ်အနီး၌စုပုံထားသော အကောက်ခွန်မဲ့စားသောက် ကုန်ပစ္စည်း နှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၇,၂၅၀,၀၀၀) ကိုလည်းကောင်း၊ မော်လမြိုင်မြို့ ရခိုင်ကုန်းရပ်ကွက် မော်လမြိုင်-သံဖြူဇရပ် လမ်းမကြီး လမ်းဘေးတစ်နေရာ၌ စုပုံထားသော အကောက်ခွန်မဲ့ စားသောက်ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၇,၀၀၀,၀၀၀) ကိုလည်းကောင်း၊ မော်လမြိုင်မြို့ ကျိုက်မရောလမ်းမကြီး လမ်းဘေးတစ်နေရာ၌ စုပုံထားသော အကောက်ခွန်မဲ့စားသောက်ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆,၅၀၀,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁,၈၆,၂၅၀,၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပါတယ်။



news-view-count-icon

36