မတ်လ၃ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက် ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရတနာပုံတံတား (မန္တလေး) စစ်ဆေးရေးဂိတ်၌ မန္တလေးမြို့မှ မြစ်ကြီးနားမြို့သို့ သွားရောက်မည့် မော်တော်ယာဉ်သုံးစီးနှင့် မန္တလေးမြို့မှ ဖားကန့်မြို့သို့သွားရောက်မည့် မော်တော်ယာဉ် တစ်စီးတို့ပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း ၃၃ မျိုး၊ လုပ်ငန်းသုံးပစ္စည်း ၁၂ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၄,၂၄၆,၄၉၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Gallop Truck တစ်စီး၊ Nissan Condor Truck တစ်စီး၊ Mitsubishi Canter Truck တစ်စီး၊ Nissan Diesel Tractor Head တစ်စီးနှင့်နောက်တွဲယာဉ် တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၅၅,၀၀၀,၀၀၀) ကိုလည်းကောင်း၊ ကျွဲတပ်ဆုံစစ်ဆေးရေးဂိတ်၌ တောင်ကြီးမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅,၆၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Jin Bei Haise Mini Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅,၀၀၀,၀၀၀) ကိုလည်းကောင်းဖမ်းမိခဲ့ပါတယ်။
မန္တလေးတိုင်းဒေသကြီးတွင် တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း ၃၃ မျိုး၊ လုပ်ငန်းသုံးပစ္စည်း ၁၂ မျိုးဖမ်းမိ
Mar 05 • 6:06 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 16 | 0 | 0 | 0 |


