back

ကချင်ပြည်နယ်၊ပူတာအိုမြို့နယ် တွင် တရားမဝင်ရွှေတူးဖော်ရာတွင် အသုံးပြုသည့် ဝါးဖောင်ကိုးခု၊ အင်ဂျင်ကိုးလုံးနှင့် ဆက်စပ်ပစ္စည်းသုံးမျိုး ဖမ်းမိခဲ့

Mar 05 • 5:52 AM

breaking-news

မြန်မာ

ကချင်

breaking-news
cover

ကချင်ပြည်နယ်၊ပူတာအိုမြို့နယ် တွင် တရားမဝင်ရွှေတူးဖော်ရာတွင် အသုံးပြုသည့် ဝါးဖောင်ကိုးခု၊ အင်ဂျင်ကိုးလုံးနှင့် ဆက်စပ်ပစ္စည်းသုံးမျိုး ဖမ်းမိခဲ့

မတ်လ ၃ ရက်တွင် ကချင်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပူတာအိုမြို့နယ် နမ်ဒ...

မတ်လ ၃ ရက်တွင် ကချင်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပူတာအိုမြို့နယ် နမ်ဒင်ကျေးရွာ မလိခမြစ်တစ်ဖက်ကမ်း၌ တရားမဝင်ရွှေတူးဖော်ရာတွင် အသုံးပြုသည့် ဝါးဖောင်ကိုးခု၊ အင်ဂျင်ကိုးလုံးနှင့် ဆက်စပ်ပစ္စည်းသုံးမျိုး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇,၀၀၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး မြန်မာ့သတ္တုတွင်းဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပါတယ်။



news-view-count-icon

31