back

မြန်မာနိုင်ငံပြည်တွင်းတွင် ကျပ်၂၅ ဘီလျံကျော် တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၇၀၀ ကီလိုနှင့် ဘိန်းဖြူဘလောက်တုံး ၄၈၀ တုံး၊ အလေးချိန် ၁၆၈ ကီလိုနှင့်အတူ မူးယစ်ဆေးဖြန့်ဖြူးသူ ၁၁ ဦးကိုပါ ဖမ်းမိ

Mar 05 • 5:38 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

မြန်မာနိုင်ငံပြည်တွင်းတွင် ကျပ်၂၅ ဘီလျံကျော် တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၇၀၀ ကီလိုနှင့် ဘိန်းဖြူဘလောက်တုံး ၄၈၀ တုံး၊ အလေးချိန် ၁၆၈ ကီလိုနှင့်အတူ မူးယစ်ဆေးဖြန့်ဖြူးသူ ၁၁ ဦးကိုပါ ဖမ်းမိ

မြန်မာနိုင်ငံပြည်တွင်းရှိ ပဲခူးမြို့နယ်နှင့် မရမ်းကုန်းမြို့နယ်တို့တွင် ငွေကျပ် ၂၅ ဘီလျံကျော် တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၇၀၀ ကီလိုနှင့် ဘိန်းဖြူဘလောက်တု...

မြန်မာနိုင်ငံပြည်တွင်းရှိ ပဲခူးမြို့နယ်နှင့် မရမ်းကုန်းမြို့နယ်တို့တွင် ငွေကျပ် ၂၅ ဘီလျံကျော် တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၇၀၀ ကီလိုနှင့် ဘိန်းဖြူဘလောက်တုံး ၄၈၀ တုံး၊ အလေးချိန် ၁၆၈ ကီလိုနှင့်အတူ မူးယစ်ဆေး သယ်ဆောင်ဖြန့်ဖြူးသူ ၁၁ ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရပါတယ်။ဖြစ်စဥ်မှာ တာဝန်သိပြည်သူများ၏ သတင်းပေးချက်အရ တာမွေမြို့မရဲစခန်းမှ မူးယစ်တရားခံပြေး ဇော်မြတ်ထွန်းသည် ရှမ်းပြည်နယ်မှ ရန်ကုန်သို့ မူးယစ်ဆေးဝါးများ သယ်ဆောင်သွားကြောင်း သတင်းရရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်နေစဉ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက် ၁ နာရီအချိန် ပဲခူးမြို့နယ်၊ ဘောနတ်ကြီးကျေးရွာအနီး၊ ရန်ကုန် – မန္တလေး(အမြန်လမ်း)၊ မိုင်တိုင်အမှတ်(၃၉)တွင်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပါတယ်။




news-view-count-icon

30