တာချီလိတ်နှင့် မယ်ဆိုင်ကြား မယ်ဆိုင်ချောင်းဘေးရှိ ရေကြီးရေလျှံမှု အန္တရာယ်များသည့် နေရာ(၃)ခုတွင် ကျပ်သန်း(၁၀၀၀)ကုန်ကျခံကာ ကျောက်စီမြေထိန်းနံရံများ တည်ဆောက်ရန် စီစဉ်ထားပြီး ဒေသခံကုမ္ပဏီများအား ချန်လှပ်ကာ ဒေသပြင်ပမှ ကုမ္ပဏီ(၂)ခုအား လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း သိရသည်။ အဆိုပါ ကုမ္ပဏီ(၂)ခုမှာ တင်ဒါခေါ်ယူမှုအား လူသိရှင်ကြား ကြေညာခြင်းမရှိကြောင်း ဒေသခံဆောက်လုပ်ရေး လုပ်ငန်းရှင်များက ဝေဖန်ပြောကြားခဲ့သည်။



