ကိုယ်ဝန်ဆောင်မိခင်များသည် ကလေးမွေးဖွားရန် ကြိုတင်အစီအစဉ်ရေးဆွဲ၍ ကျွမ်းကျင်ကျန်းမာရေးဝန်ထမ်းရှိသည့် ကျန်းမာရေးဌာန (ဆေးရုံ၊ ဆေးခန်း) တို့တွင်သာ ကလေးမွေးဖွားသင့်ပါသည်။ ဆင်းရဲ ချမ်းသာမရွေး မိခင်တိုင်း၏ ၁၅% ခန့်သည် ကလေးမွေးဖွားစဉ် မွေးဖွားရခက်ခဲခြင်း၊ ကျန်းမာရေး အရေးပေါ်အခြေအနေတစ်ခုခု ဖြစ်ပေါ်ခြင်းဖြစ်လေ့ရှိသည်။ ထိုအချိန်တွင် စနစ်တကျ ကုသစောင့်ရှောင့်မှုပေးနိုင်သော အဆင့်မြင့် ဆေးရုံ၊ဆေးခန်းများသို့ အချိန်မီလွှဲပြောင်းရန် ဆုံးဖြတ်ပေးနိုင်သော ကျွမ်းကျင်ကျန်းမာရေးဝန်ထမ်း တစ်ဦးဦး အနားတွင်ရှိနေရန်မှာ အလွန်အရေးကြီးပါသည်။ ထို့ကြောင့် ကျွမ်းကျင်သော ကျန်းမာရေးဝန်ထမ်းနှင့် ကလေးမွေးဖွားခြင်းဖြင့် နာတာရှည်နောက်ဆက်တွဲ ဝေဒနာများနှင့် မိခင်နှင့်ကလေး အသက်သေဆုံးမှုတို့ကို ကာကွယ်ပေးနိုင်သည်ဟုကျန်းမာရေးဌာနမှသတိပေးထားပါတယ်
Mar 05 • 3:17 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 26 | 0 | 0 | 0 |


