back

စစ်ကိုင်းတိုင်း၊ကလေးမြို့မှာ ကျပ်သိန်းငါးထောင်ကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့

Mar 05 • 2:13 AM

breaking-news

မြန်မာ

စစ်ကိုင်း

breaking-news
cover

စစ်ကိုင်းတိုင်း၊ကလေးမြို့မှာ ကျပ်သိန်းငါးထောင်ကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့

ဖေဖော်ဝါရီ ၂၈ ရက်က သိန်းငါးထောင်ကျော်တန်ဖိုးရှိတဲ့ ဘိန်းဖြူတွေ ဆိုင်ကယ်နှစ်စီးကနေ ဖမ်းဆီးရမိတဲ့ ဖြစ်ရပ် စစ်ကိုင်းတိုင်း၊ကလေးမြို့ မှာ ဖြစ်ပွားခဲ့ပါတယ်။ဖြစ်စဉ်...

ဖေဖော်ဝါရီ ၂၈ ရက်က သိန်းငါးထောင်ကျော်တန်ဖိုးရှိတဲ့ ဘိန်းဖြူတွေ ဆိုင်ကယ်နှစ်စီးကနေ ဖမ်းဆီးရမိတဲ့ ဖြစ်ရပ် စစ်ကိုင်းတိုင်း၊ကလေးမြို့ မှာ ဖြစ်ပွားခဲ့ပါတယ်။ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၂၈ ရက် မနက် ၆ နာရီ အချိန်က ကလေးမြို့နယ်၊ ဒိုးဝိုင်းချောင်းကျေးရွာအနီး တွင် မျိုးထက်အောင်(ခ) အရှည်ကြီး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်နှင့် မျိုးဇော်ဦး(ခ)မောင်ပြူး မောင်း နှင်လာသည့် မော်တော်ဆိုင်ကယ်တို့အား ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်း တို့ ထံမှ ဘိန်းဖြူ အလေးချိန် ၁၁ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၅,၅၀၀)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။တရားခံများဖြစ်သည့်မျိုးထက်အောင်(ခ)အရှည်ကြီး(၃၃)နှစ် နှင့် မျိုးဇော်ဦး(ခ)မောင်ပြူး(၃၁)နှစ် တို့အား ဖမ်းဆီးကာ ကလေးမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိပါတယ်။


news-view-count-icon

35