ညောင်ဦးခရိုင်အတွင်းရှိ ကျောက်ပန်းတောင်းမြို့နယ်နှင့် ညောင်ဦးမြို့နယ်မှ ကြက်သွန်စိုက်တောင်သူများသည် ကြက်သွန်ပေါ်ချိန်တွင် မျိုးကောင်းမျိုးသန့်ရရှိစေရန် ရှယ်ဥခေါ် လုံးဝန်းကြီးမားသည့်ဥများကို ရွေးချယ်ပြီး ကြက်သွန်မျိုးပန်းစိုက်ပျိုးချိန်တွင် စိုက်ပျိုးကြကာ၊ သီတင်းကျွတ်နှင့် တန်ဆောင်မုန်းလများတွင် စတင်စိုက်ပျိုးပြီး တစ်လခန့်အကြာတွင် ကြက်သွန်ဥမှ ကြက်သွန်ပန်းပွင့်ဖူးများ ထွက်လာကြောင်း၊ ဧပြီနှင့် မေလများတွင် ကြက်သွန်ပန်းများကို ဆွတ်ခူးကာ နေလှန်း၍ ကြက်သွန်မျိုးစေ့ထုတ်ယူပြီး လုံခြုံသောပုံးများဖြင့် ထည့်ထားရကြောင်း၊ ကြက်သွန်စိုက်တောင်သူများ ကြက်သွန်မျိုးစေ့ပြန်ရောင်းချိန် ဈေးနှုန်းကောင်းရရန် မျှော်လင့်နေကြောင်း သိရသည်။



