လှိုင်သာယာမြို့နယ်ရှိ Fitex (Myanmar) အထည်ချုပ်စက်ရုံတွင် အခွင့်အရေးချိုးဖောက်မှုများကို ထုတ်ဖော်ပြောဆိုသည်ဟု သံသယရှိသည့် အလုပ်သမားများအား သုံးနာရီကြာ စစ်ဆေးခြင်း၊ ဖုန်းများအား ခွင့်ပြုချက်မရဘဲ စစ်ဆေးခြင်း၊ အလုပ်မှ နှုတ်ထွက်သည်အထိ ဖိအားပေးခြင်းများ ပြုလုပ်လျက်ရှိကြောင်း၊ စက်ရုံမှ မန်နေဂျာများ၊ စူပါများက ၎င်းတို့နှင့် မတည့်သည့် အလုပ်သမားများအား ပစ်မှတ်ထား စစ်ဆေးခြင်း၊ တရားစွဲခြင်း၊ ထောင်ချခြင်းများဖြင့် ခြိမ်းခြောက်ခြင်းများ ပြုလုပ်ကြောင်း၊ အလုပ်ချိန်ပြင်ပ အချိန်ပိုများအား အတင်းအကြပ် လုပ်ခိုင်းခြင်း၊ ခွင့်ရက်များအား လွတ်လပ်စွာ မပေးခြင်းများလည်း ပြုလုပ်ကြောင်း၊ လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံခြင်းများနှင့်ပတ်သက်၍ အလုပ်သမားများက မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) သို့ အကူအညီတောင်းခံထားကြောင်း သိရသည်။



