ပြည်တွင်းငါးစားသုံးမှု တိုးတက်စေရန်နှင့် ငါးမွေးမြူရေးလုပ်ငန်း တိုးတက်စေရန်အတွက် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနအောက်ရှိ ငါးလုပ်ငန်းစခန်း ၂၅ ခုမှ ဧပြီလမှစတင်၍ ငါးမြစ်ချင်း၊ ရွှေဝါငါးကြင်း၊ ငါးခုတ်မကြီး၊ ငါးခေါင်းပွ၊ ငါးကြင်းဖြူ၊ ရေချိုငါးမှုန် အစရှိသည့် ဈေးကွက်ဝင် ငါးသားပေါက်များကို သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး ဝယ်ယူလိုသူများသည် နေပြည်တော် ရေဆင်းငါးလုပ်ငန်းစခန်း၊ ရန်ကုန် လှော်ကားငါးလုပ်ငန်းစခန်း၊ ပဲခူးငါးလုပ်ငန်းစခန်း၊ မန္တလေး သရက်ကုန်းငါးလုပ်ငန်းစခန်း အစရှိသည့် ငါးလုပ်ငန်းစခန်းများတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သိရသည်။



