လာနီညာကြောင့် အပူချိန်မြင့်တက်မှုများ ဖြစ်ပေါ်လာနိုင်ပြီး သက်ကြီးရွယ်အိုနှင့် ကလေးငယ်များ အပူရှပ်ခြင်းကို ခံစားရနိုင်သောကြောင့် သတိပြုဆင်ခြင်နေထိုင်ကြရန် ပြင်ပ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က သတိပေးထားသည်။ မတ်လအတွင်း နေပြည်တော်၊ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ မကွေး၊ တနင်္သာရီ၊ ကရင်၊ မွန်ပြည်နယ်တို့တွင် နေ့အပူချိန် ၄၀°C အထက်အထိ မြင့်တက်လာနိုင်ပြီး နေ့လယ်၊ နေ့ခင်းအချိန်များတွင် နေရောင်ခြည်တိုက်ရိုက် ထိတွေ့သည့် နေရာများ၌ အလုပ်လုပ်ကြရသူများ၊ သက်ကြီးရွယ်အိုနှင့် ကလေးငယ်များ ရေဓာတ်ဆုံးရှုံးမှုများပြီး အပူရှပ်ခြင်းကို ခံစားရနိုင်သောကြောင့် သတိပြုရန်လိုအပ်ကြောင်း အသိပေးထားသည်။



