မတ်လ ၃ ရက် နံနက်ပိုင်းကရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ ကင်းပတီးကျေးရွာအုပ်စု၊ ရွှေညောင်ပင်ရွာတွင် စိုက်ခင်းလုပ်သားတစ်ဦး တောဆင်ရိုင်းနင်းမိကာ သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။စိုက်ခင်းလုပ်သား သုံးဦးက စိုက်ခင်းမှအပြန် ဥက္ကံသစ်တောကြိုးဝိုင်း၊ အကွက်အမှတ်(၂၆)ရှိ ကျွန်းစိုက်ခင်းတွင် တောဆင်ရိုင်းတစ်ကောင်နှင့် ထိပ်တိုက်တွေ့ဆုံခဲ့ရာမှ မပြေးနိုင်သော စိုက်ခင်းလုပ်သားအမျိုးသားမှာ တောဆင်ရိုင်းနင်းခံရသဖြင့် သေဆုံးခဲ့ခြင်းဖြစ်ပါတယ်။သေဆုံးသူက ရွှေညောင်ပင်ရွာဇာတိဖြစ်ပါတယ်။



