back

ညောင်ရွှေတွင် Agri and Farming Tourism အကောင်အထည်ဖော်ရန် စီစဉ်

Mar 04 • 4:07 AM

breaking-news

မြန်မာ

ရှမ်း

cover

ညောင်ရွှေတွင် Agri and Farming Tourism အကောင်အထည်ဖော်ရန် စီစဉ်

ညောင်ရွှေဒေသတွင် ဝိုင်ထုတ်လုပ်ရေးလုပ်ငန်းနှင့် တွဲဖက်၍ ခရီးသွားများအတွက် အပန်းဖြေလေ့လာနိုင်သော Agri and Farming Tourism ကို အကောင်အထည်ဖော်ရန် ဟိုတယ်နှင့်ခရီးသွာ...

ညောင်ရွှေဒေသတွင် ဝိုင်ထုတ်လုပ်ရေးလုပ်ငန်းနှင့် တွဲဖက်၍ ခရီးသွားများအတွက် အပန်းဖြေလေ့လာနိုင်သော Agri and Farming Tourism ကို အကောင်အထည်ဖော်ရန် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက စီစဉ်နေကြောင်း သိရသည်။ ဝိုင်ထုတ်လုပ်ရေးလုပ်ငန်းအဆင့်ဆင့်ကို ပြည်တွင်းပြည်ပခရီးသွားများ လာရောက်ကြည့်ရှုလေ့လာနိုင်ရန် စနစ်တကျပြင်ဆင်ကာ ခရီးသွားဆွဲဆောင်မှုတစ်ရပ်အဖြစ် ဖန်တီးရန်နှင့် စပျစ်ခြံများနှင့် ရှုခင်းများတွင် ခရီးသွားများ စိတ်ဝင်တစားလာရောက်လည်ပတ်နိုင်စေရန် Agri and Farming Tourism ကို အကောင်အထည်ဖော်ရန် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက လမ်းညွှန်မှာကြားထားသည်။ Agri and Farming Tourism အကောင်အထည်ဖော်နိုင်ရေးအတွက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန တာဝန်ရှိသူများနှင့် ဒေသခံစိုက်ပျိုးထုတ်လုပ်သူလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ထားပြီးဖြစ်သည်။ လက်ရှိတွင် ညောင်ရွှေ-အင်းလေးခရီးစဉ်ဒေသသို့ လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည်များ အဆင်ပြေချောမွေ့စွာ သွားလာလည်ပတ်နိုင်ရန် သတင်းပြန်ကြားရေးကောင်တာများ ဆောင်ရွက်ထားပြီး ခရီးစဉ်ဒေသဆိုင်ရာ အချက်အလက်များကို သတင်းပြန်ကြားရေးကောင်တာတွင် စုံစမ်းဆောင်ရွက်နိုင်ကြောင်း သိရသည်။


news-view-count-icon

20