back

မန္တလေးတိုင်းတွင် သံပုရာသီးသုပ်ဆိုင်ကြောင့် ဦးပိန်တံတားပြန်လည်စည်

Mar 04 • 4:01 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးတိုင်းတွင် သံပုရာသီးသုပ်ဆိုင်ကြောင့် ဦးပိန်တံတားပြန်လည်စည်

သွားလာရေးအခက်အခဲများကြောင့် ဧည့်သည်အလာနည်းပါးနေသော တောင်သမန်ဦးပိန်တံတားသည် ယခုအခါ သံပုရာသီးသုပ်ဆိုင်တစ်ဆိုင်ကြောင့် လူပြန်လည်စည်ကားလာခဲ့သည်။ TikTok လူမှုကွန်ရက်...

သွားလာရေးအခက်အခဲများကြောင့် ဧည့်သည်အလာနည်းပါးနေသော တောင်သမန်ဦးပိန်တံတားသည် ယခုအခါ သံပုရာသီးသုပ်ဆိုင်တစ်ဆိုင်ကြောင့် လူပြန်လည်စည်ကားလာခဲ့သည်။ TikTok လူမှုကွန်ရက်တွင် လူသိများလာသော "ဖက်တီးမ သံပုရာသီးသုပ်ဆိုင်" သည် နေ့စဉ်လူများတန်းစီဝယ်ယူရသည်အထိ ရောင်းချနေရပြီး ဦးပိန်တံတားကိုပါ လူစည်ကားစေခဲ့သည်။ မန္တလေးမြို့၊ အမရပူရမြို့နယ်၊ တောင်သမန်အင်းအတွင်း ဖွင့်လှစ်ထားသော ဖက်တီးမ သံပုရာသီးသုပ်ဆိုင်သည် သံပုရာသီးကို အခွံနွှာ၊ ထက်ခြမ်းခြမ်းကာ ငရုတ်သီးစပ်စပ်ဖြင့်သုပ်ထားသည့် သံပုရာသီးသုပ်ကို အနည်းဆုံး ငွေကျပ် ၃၀၀၀ နှုန်းဖြင့် ရောင်းချပေးခြင်းဖြစ်သည်။ ဒေသခံတစ်ဦး၏အဆိုအရ ဦးပိန်တံတားသို့ လာရောက်လည်ပတ်သူများ လျော့နည်းလာချိန်တွင် ဖက်တီးမဆိုင်၏ နာမည်ကြီးလာမှုကြောင့် လာရောက်လည်ပတ်သူများ ပြန်လည်များပြားလာကြောင်း သိရသည်။ ဖက်တီးမ သီးစုံအချဉ်ပေါင်းဆိုင်တွင် သံပုရာသီးသုပ်သည် အဓိကရောင်းအားအကောင်းဆုံးဖြစ်ပြီး လာရောက်စားသုံးသူများလည်း များပြားကြောင်း သိရသည်။



news-view-count-icon

16