ဆေးလိပ်ကင်းစင်နယ်မြေသတ်မှတ်ခြင်းအပြင် လူငယ်များအကြား ခေတ်စားနေသော E-cigarette၊ Vape စသည့် အီလက်ထရွန်နစ် အငွေ့ရှူစက်များကိုလည်း ဥပဒေအရ ထိန်းချုပ်ရန် စီစဉ်နေကြောင်း၊ "ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများကို စံသတ်မှတ်ချက်များနှင့်အညီ ထုပ်ပိုးခြင်းနှင့် ကျန်းမာရေးသတိပေးရုပ်ပုံများ၊ စာသားများကို ပုံနှိပ်ဖော်ပြခြင်းဆိုင်ရာအမိန့်" သည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် အာဏာသက်ဝင်ခဲ့ပြီးဖြစ်ရာ လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဆက်လက်ဆောင်ရွက်ပေးရန် တိုက်တွန်းထားကြောင်း သိရသည်။



