back

ရန်ကုန်မှ ရခိုင်ပြည်နယ်သို့ ပို့ဆောင်ရန်သယ်ဆောင်လာသည့် မူးယစ်ဆေးဝါးများနှင့် တရားခံများကို ပန်းတောင်းမြို့နယ်တွင်ဖမ်းမိခဲ့

Mar 04 • 3:29 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ရန်ကုန်မှ ရခိုင်ပြည်နယ်သို့ ပို့ဆောင်ရန်သယ်ဆောင်လာသည့် မူးယစ်ဆေးဝါးများနှင့် တရားခံများကို ပန်းတောင်းမြို့နယ်တွင်ဖမ်းမိခဲ့

ဖေဖော်ဝါရီလ ၂၈ ရက်ကရန်ကုန်မြို့မှ ရခိုင်ပြည်နယ်သို့ သယ်ဆောင်မည့် မူးယစ်ဆေးဝါးများကို ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ဘူးဘက်ကျေးရွာစစ်ဆေးရေးဂိတ်၌ ပြီးခဲ့...

ဖေဖော်ဝါရီလ ၂၈ ရက်ကရန်ကုန်မြို့မှ ရခိုင်ပြည်နယ်သို့ သယ်ဆောင်မည့် မူးယစ်ဆေးဝါးများကို ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ဘူးဘက်ကျေးရွာစစ်ဆေးရေးဂိတ်၌ ပြီးခဲ့သည့် တရားခံများနှင့်အတူ ဖမ်းဆီးရမိခဲ့ရာတရားခံများဖြစ်သည့်သန်းအောင်ဆွေ၊ ကျော်ဝင်းထွန်းနှင့် ကျော်ဆန်းမင်း ဆိုသူတို့ မောင်းနှင်လိုက်ပါလာသော ယာဉ်အမှတ်၊ BGO-11/2R-2073 SOJEN အဖြူရောင်ယာဉ်ပေါ်မှ စက္ကူပုံး ၆ ပုံးအတွင်း သိုဝှက်သယ်ဆောင်လာသည့် ငွေကျပ် ၁.၅၃ ဘီလီယံခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၀.၂ သိန်းပြားကိုလည်းကောင်း၊ ကျော်ဇင်လတ်၊ ခင်မောင်မြင့်ရွှေ၊ ကြည်ကြည်ခိုင် ဆိုသူတို့ကို ယာဉ်အမှတ်၊ YGN-41/HH-2534 Probox အဖြူရောင်ယာဉ်နှင့်လည်းကောင်း ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပါတယ်။


news-view-count-icon

28