မတ် ၃ရက်နေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌
မြန်မာနိုင်ငံစာရင်းကောင်စီမှ ကြီးမှူး၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း နေပြည်တော်တွင် ဖွင့်လှစ်သည့် နိုင်ငံပိုင်ကဏ္ဍအတွက် နိုင်ငံတကာစာရင်းစံများဒီပလိုမာသင်တန်း အမှတ်စဉ် (၂) အပိုင်း (၁) (Diploma in International Public Sector Accounting Standards - Dip IPSAS) နှင့် နိုင်ငံတကာဘဏ္ဍာရေးအစီရင်ခံခြင်း စံများဆိုင်ရာဒီပလိုမာသင်တန်း (Diploma in Inter-national Financial Reporting Standards-Dip IFRS) အမှတ်စဉ် (၂) အပိုင်း (၁) သင်တန်းဖွင့်ပွဲအခမ်းအနားကို Hybrid စနစ်ဖြင့် ကျင်းပခဲ့ပါတယ်။


