၂၀၂၅ခုနှစ်၊ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ လုပ်ငန်းးညှိနှိုင်းအစည်းအဝေး(၁/၂၀၂၅)ကို နေပြည်တော်တွင် ကျင်းပရာ တရားမဝင်ကုန်သွယ်မှုကို လုံးဝကင်းစင်ပပျောက်သည်အထိ မျှော်မှန်းကာ ပူးပေါင်းပါဝင်တိုက်ဖျက်ဆောင်ရွက်သွားကြမည်ဖြစ်ကာတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရာတွင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း ဖမ်းဆီးရမိမှုများတွင် အကောက်ခွန်ဦးစီးဌာနက အများဆုံးဖမ်းဆီးရမိခဲ့ပြီး နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဖမ်းဆီးရရှိမှုများတွင် စစ်ကိုင်းတိုင်းဒေသကြီးက အများဆုံးဖမ်းဆီးရရှိခဲ့သလို ဒုတိယအများဆုံးဖမ်းဆီးရမိမှုမှာ မန္တလေးတိုင်းဒေသကြီးဖြစ်ပြီး တတိယအများဆုံးဖမ်းဆီးရမိမှုမှာ ရန်ကုန်တိုင်းဒေသကြီးဖြစ်ပြီး ကုန်ပစ္စည်းအမျိုးအစားအလိုက် ဖမ်းဆီးရမိမှုအခြေအနေတွင် လိုင်စင်မဲ့မော်တော်ယာဉ်နှင့် တရားမဝင် ကုန်စည်တင်မော်တော်ယာဉ်များ အများဆုံးဖမ်းဆီးရမိပြီး ဒုတိယအများဆုံးမှာ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းများနှင့် တတိယအများဆုံးမှာ ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းများဖြစ်သည်ကို တွေ့ရပါတယ်။
Mar 04 • 1:59 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 18 | 0 | 0 | 0 |


