ကရင်ပြည်နယ်၊ မြဝတီဒေသရှိ ကျားဖြန့်လုပ်ငန်းများမှ ကယ်ထုတ်ထားသည့် ကမ္ဘာအရပ်ရပ်ရှိ သက်ဆိုင်ရာနိုင်ငံများအနေဖြင့် မိမိတို့၏နိုင်ငံသားများအား အမြန်လာရောက်ခေါ်ယူကြရန် အသိပေးထုတ်ပြန်ထားသည်။နိုင်ငံပေါင်း ၃၀ ကျော်မှ နိုင်ငံခြားသား (၇၀၀၀) ကျော်ကို ဖမ်းဆီးထိန်းသိမ်းရာတွင် အခက်အခဲများကြားထဲမှ နေထိုင်စားသောက်ရေး၊ ကျန်းမာရေး၊ လုံ ခြုံရေး စသည့် ကိစ္စရပ်များကို ကူညီစောင့်ရှောက်ပေးထားပြီး သက်ဆိုင်ရာ နိုင်ငံများသို့ အမြန်ဆုံးလွှဲပြောင်းပေးနိုင်ရန် အသင့်ပြင်ဆင်စောင့်ဆိုင်းလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ထို့အပြင် မြန်မာနိုင်ငံ နယ်စပ်ဒေသရှိ အပြစ်မဲ့ပြည်သူများ၏ နေ့စဉ် လူနေမှုဘဝကိုထိခိုက်စေသည့် လူသားချင်းစာနာမှုကင်းမဲ့သော ပိတ်ဆို့ဖြတ်တောက်မှုများကို ပယ်ဖျက်ပေးရန် ထိုင်းအစိုးရအား တိုက်တွန်းတောင်းဆိုထားပါသည်။



