အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့တွင် ယနေ့ မတ်လ ၃ရက် က ဓားဖြင့်ထိုးမှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူတစ်ဦးသေဆုံးခဲ့သည်။ ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက် အသက်သေဆုံးရသည့် ပထမဆုံးတိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ပါလက်စတိုင်းနယ်မြေအတွင်း အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးနေချိန်အ တွင်း အစ္စရေးက ဂါဇာကမ်းမြှောင် သို့ပေးပို့မည့် အကူအညီများကို ပိတ်ဆို့ထားပြီးနောက် တစ်ရက်အကြာတွင် အဆိုပါတိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။



