အက်ဖ်အေဖလား ကွာတားဖိုင်နယ်အဆင့် မဲခွဲမှုတွေ ပြုလုပ်ခဲ့ပြီးနောက် ၂၀၂၃ ချန်ပီယံ မန်စီးတီးအသင်းက ဘုန်းမောက်အသင်းနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့ပါတယ်။ အခုရာသီမှာ အက်ဖ်အေဖလားတစ်လုံးတည်သာ မျှော်လင့် ချက်ရှိတော့တဲ့ မန်စီးတီးအသင်းအနေနဲ့ ကွာတားဖိုင်နယ်ပွဲအဖြစ် ဘုန်းမောက်အသင်းအိမ်ကွင်းကို သွားရောက် ကစားရမှာ ဖြစ်ပါတယ်။ လက်ရှိချန်ပီယံ မန်ယူအသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ယူပြီး ကွာတားဖိုင်နယ် ကို တက်လာခဲ့တဲ့ ဖူလ်ဟမ်အသင်းက လန်ဒန်ပြိုင်ဘက် ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ကစားရမှာဖြစ်လို့ လန်ဒန် ဒါဘီပွဲစဉ်တစ်ပွဲကို ပရိသတ်တွေ ကြည့်ရှုခွင့်ရမှာလည်း ဖြစ်ပါတယ်။



