back

ဆင်ဖြင့်လှည့်လည်အလှူခံခြင်း ရပ်ကွက်အတွင်းထဲထိရောက်လာသဖြင့် အန္တရာယ်ဖြစ်မှာကို စိုးရိမ်လာ

Mar 03 • 1:57 PM

breaking-news

မြန်မာ

ရန်ကုန်

cover

ဆင်ဖြင့်လှည့်လည်အလှူခံခြင်း ရပ်ကွက်အတွင်းထဲထိရောက်လာသဖြင့် အန္တရာယ်ဖြစ်မှာကို စိုးရိမ်လာ

ရန်ကုန်မြို့ရှိ ၊ မြို့နယ်အချို့က ရပ်ကွက်များအတွင်း ဆင်ဖြင့်လှည့်လည်အလှူခံခြင်းများ ပြုလုပ် လာသဖြင့် ဒေသခံက အန္တရာယ်ဖြစ်မှာကို စိုးရိမ်လာနေကြောင်း သိရသည်။ရပ်ကွက...


ရန်ကုန်မြို့ရှိ ၊ မြို့နယ်အချို့က ရပ်ကွက်များအတွင်း ဆင်ဖြင့်လှည့်လည်အလှူခံခြင်းများ ပြုလုပ် လာသဖြင့် ဒေသခံက အန္တရာယ်ဖြစ်မှာကို စိုးရိမ်လာနေကြောင်း သိရသည်။ရပ်ကွက်များအတွင်း၌ ဆင်ဖြင့်လှည့်လည်အလှူခံခြင်းများရှိနေရာ ဒေသခံအချို့မှာ အလှူငွေထည့်၍ ဆင်ဖြင့် အမှတ်တရ ဓာတ်ပုံရိုက်ခြင်းများနှင့် ဗီဒီယိုရိုက်ခြင်းများ ပြုလုပ်ကြကြောင်း သိရသည်။ရပ်ကွက်များအတွင်း ဆင်ဖြင့် လှည့်လည်အလှူခံရခြင်းအကြောင်းမှာ ဆင်အတွက် အစာရေစာခက်ခဲလာခြင်း ကြောင့် ယခုလိုအလှူခံခြင်းများပြုလုပ်ရခြင်းဖြစ်ကြောင်း ၎င်းဆင်ကို ထိန်းသိမ်းသည့် ဆင်ထိန်းတစ်ဦး က ပြော သည်။ယခုလို ဆင်ဖြင့် လှည့်လည်အလှူခံခြင်းများကို ရန်ကုန်မြို့ရှိ ပြည်သူများက ထူးဆန်းစွာဖြစ်နေသလို လူထုကြား တွင်လည်း စိတ်ဝင်စားမှု မြင့်တက်နေကြောင်း သိရသည်။



news-view-count-icon

24