မွန်ပြည်နယ်အားကစားနှင့် ကာယပညာကော်မတီမှ ကြီးမှူးဖွင့်လှစ်သည့် ၂၀၂၅ ခုနှစ် နွေရာသီ အခြေခံအားကစားသင်တန်းဖွင့်ပွဲအခမ်းအနားကို မတ်လ ၃ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အားကစား ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။သင်တန်းတွင် အားကစားနည်း ၁၁ မျိုးဖြင့် မတ်လ ၃ ရက်နေ့မှ မတ်လ ၂၄ ရက်နေ့အထိ သင်ကြားပေးသွားမည်ဖြစ်သည်။အဆိုပါ သင်တန်းတွင် အားကစားနည်းအလိုက် သင်တန်းသား၊ သင်တန်းသူ ၆၂၉ ဦးတက်ရောက်မည်ဖြစ်ကြောင်း သိရပါသည်။



