back

သတင်းသမားများအား အရေးပေါ်ထောက်ပံ့ရန် လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) အသိပေးကြေညာ

Mar 03 • 1:06 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

သတင်းသမားများအား အရေးပေါ်ထောက်ပံ့ရန် လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) အသိပေးကြေညာ

၁။ လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) မှ အကြောင်းအမျိုးမျိုးကြောင့် သတင်းမီဒီယာ လုပ်ငန်းများမှ ရပ်နားထားပြီး လက်ရှိအခြေအနေအရ စားဝတ်နေရေး ခက်ခဲနေသည့် သတင်...

၁။ လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) မှ အကြောင်းအမျိုးမျိုးကြောင့် သတင်းမီဒီယာ လုပ်ငန်းများမှ ရပ်နားထားပြီး လက်ရှိအခြေအနေအရ စားဝတ်နေရေး ခက်ခဲနေသည့် သတင်းမီဒီယာသမားများအား ကူညီထောက်ပံ့နိုင်ရန် ရန်ပုံငွေတရပ်ထူထောင်ပြီး အရေးပေါ် ထောက်ပံ့နိုင်ရန် စီစဉ် ဆောင်ရွက်နေပါသည်။ ယခုအခါ အရေးပေါ်အကူအညီလိုအပ်သော သတင်းမီဒီယာသမားများအား ကူညီထောက်ပံ့ရန် ထိုက်သင့်သော ရန်ပုံငွေစုဆောင်းရရှိပြီ ဖြစ်ပါ၍ ကူညီထောက်ပံ့ခြင်းလုပ်ငန်းစဉ်ကို စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

 အရေးပေါ် အကူအညီလိုအပ်နေသော သတင်းမီဒီယာသမားများအနေနှင့် အောက်ဖော်ပြပါ လင့်ကို ဝင်ရောက်ဖြည့်သွင်းပြီး လျှောက်ထားပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။လျှောက်လွှာများအား အမြန်ဆုံးစိစစ်ပြီး ပြန်လည်ဆက်သွယ် အကြောင်းကြားမည်ဖြစ်ပါသဖြင့် ၂၀၂၅ - ခုနှစ်၊ မတ်လ (၁၈) ရက်နေ့ ညနေကို နောက်ဆုံးထားပြီး လျှောက်လွှာဖြည့်သွင်းပေးပါရန် အသိပေး ကြေညာအပ်ပါသည်။


ဤလင့်ကို ဖြည့်သွင်းပြီး လျှောက်ထားနိုင်ပါသည်။


https://forms.gle/Hn1mMA3AEU1kjhzq5




news-view-count-icon

20