မူဆယ်ကတဆင့် တရုတ်ကို အလုပ်သွားမလုပ်တော့ဘဲ ပြန်မယ့်သူတွေကို ပွဲစားနဲ့ တရုတ်အလုပ် ရှင်တွေဘက်က လျော်ကြေးတောင်းတာမျိုးတွေ ရှိလာတယ်လို့ မူဆယ်ဒေသခံတွေဆီက သိရပါတယ်။ပွဲစားအများစုက အလုပ်အမြန်ရမယ်ဆိုပြီး စည်းရုံးခေါ်ဆောင်လာကာ မူဆယ်ကိုရောက်မှ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိတဲ့အတွက် အခက်အခဲတွေ ကြုံတွေ့နေကြရတာလည်း ဖြစ်ပါသည်။မူဆယ်ကတဆင့် တရုတ်ကို သွားရောက်အလုပ်လုပ်ဖို့ ပွဲစားခအဖြစ် တစ်ဦးလျှင် ကျပ် ၂၅ သိန်းမှ သိန်း ၃၀ အထိ ပေးရပြီး၊ ရန်ကုန်မှ မူဆယ်အရောက်ခရီးစရိတ်ကျပ် ၈ သိန်းကနေ ၁၂ သိန်း( ခေါ်ယူသည့် ပွဲစားအလိုက်) ပေးရကြောင်း သိရပါသည်။



