ပဲခူးတိုင်း တောင်ငူမြို့ မြောက်ဘက်ကျုံးအတွင်း မတ်လ ၂ ရက်နေ့က ရေဆင်းချိုးသူ အမျိုးသားတစ်ဦး ရေနစ်ပျောက်ဆုံးသွားခဲ့ပြီး ရှာဖွေကြရာ ယနေ့နေ့လည်ပိုင်းက အလောင်းကို ပြန်လည်ရှာတွေ့ခဲ့တယ်လို့ သိရပါသည်။
သေဆုံးသူအလောင်းကို မြို့ခံကယ်ဆယ်ရှာဖွေရေးအသင်းမှ ရှာဖွေကြရာ ကျုံးထဲ တွင် ပြန်လည်တွေ့ရှိခဲ့ပြီး ရုပ်အလောင်းကို တောင်ငူ မြို့ပြည်သူ့ဆေးရုံရင်ခွဲရုံ သို့ ပို့ဆောင်ထားတယ်လို့ သိရပါသည်။



