ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်ကနေ မတ်လ ၂ ရက်အထိ ရောင်းချရမယ့် ရန်ကုန်အထိုင်ဈေး အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းက ၆,၉၀၅ ကျပ်ဖြစ်ခဲ့သလို ယခုတစ်ပတ်တာကာလဖြစ်တဲ့ မတ်လ ၃ ရက်မှ ၉ ရက်အထိ ရောင်းချရမယ့် ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကလည်း ၆၉၀၅ ကျပ်သာ ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။ ယခုထုတ်ပြန်တဲ့ ဈေးနှုန်းတွေက အုန်းဆီအဓိကထုတ်လုပ်တင်ပို့တဲ့ မလေးရှားနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ FOB ဈေးနှုန်းတွေကို နေ့စဥ်စောင့်ကြည့်ပြီး သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်တွေနဲ့ ဘဏ်စရိတ်တွေ၊ အခွန်အခတွေကို ထည့်သွင်း တွက်ချက် ထုတ်ပြန်ထားတာဖြစ်ပါသည်။



