back

ပင်လောင်းမြို့နယ် ကျေးရွာအချို့တွင် ရေရှားပါးမှုကြောင့် ကျန်းမာရေးအခက်အခဲကြုံနေရ

Mar 03 • 10:06 AM

breaking-news

မြန်မာ

ရှမ်း

cover

ပင်လောင်းမြို့နယ် ကျေးရွာအချို့တွင် ရေရှားပါးမှုကြောင့် ကျန်းမာရေးအခက်အခဲကြုံနေရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်ရှိ ရေရှားပါးသည့် ဝါးလီး၊ ထီဗွာ၊ လိန်းညားကျေးရွာ များသည် နီးစပ်ရာ ဒေသ ရှိ ချောင်းရေများကိုအသုံးပြုရသဖြင့် ဝမ်းလျော၊ ဝမ...


ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်ရှိ ရေရှားပါးသည့် ဝါးလီး၊ ထီဗွာ၊ လိန်းညားကျေးရွာ များသည် နီးစပ်ရာ ဒေသ ရှိ ချောင်းရေများကိုအသုံးပြုရသဖြင့် ဝမ်းလျော၊ ဝမ်းပျက်ခြင်းနှင့် အရေပြားယားသည့် ကျန်းမာရေးအခက်အခဲကြုံနေရသည်။နန်းပန်း ကျေးရွာရှိ ချောင်းရေသို့ နီးစပ်ရာရွာများရှိဒေသခံများသည် ချောင်းရှိရာနေရာကို ဆိုင်ကယ်ဖြင့် တစ်နာရီကြာသွားရပြီး ရေချိုးခြင်း ၊ ရေသယ်ခြင်းများပြုလုပ်ရကြောင်းသိရသည်။ ယခုနောက်ပိုင်း ချောင်းများရှိ ရေများသည် နွေရာသီအချိန်ရောက်ခါနီးတိုင်း တဖြည်းဖြည်း ခမ်းခြောက်လာကြောင်း ၊ ဖယ်ခုံနှင့် ပင်လောင်းနယ်စပ် အကြားရှိ နယ်စပ်၌ ပင်လောင်းမြို့ထက်ပိုပူပြင်းသဖြင့် ရေရှားပါးမှု ပိုဆိုးရွာကြောင်းသိရသည်။




news-view-count-icon

14