back

အပစ်ရပ်သက်တမ်းတိုးဖို့ ဟားမတ်စ်တို့ ငြင်းဆိုပြီးနောက် ဂါဇာကို အကူအညီဝင်ရောက်မှု အားလုံး အစ္စရေးပိတ်ဆို့

Mar 03 • 5:54 AM

breaking-news

မြန်မာ

ပြည်ပ

cover

အပစ်ရပ်သက်တမ်းတိုးဖို့ ဟားမတ်စ်တို့ ငြင်းဆိုပြီးနောက် ဂါဇာကို အကူအညီဝင်ရောက်မှု အားလုံး အစ္စရေးပိတ်ဆို့

အာရပ်နိုင်ငံအချို့နဲ့ ကုလသမဂ္ဂတို့ကတော့ အစ္စရေးရဲ့ လုပ်ရပ်အပေါ် ရှုတ်ချထားပြီး ဒါဟာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်တာလို့လည်း ပြောပါတယ်။အီဂျစ်၊ အမေရ...

အာရပ်နိုင်ငံအချို့နဲ့ ကုလသမဂ္ဂတို့ကတော့ အစ္စရေးရဲ့ လုပ်ရပ်အပေါ် ရှုတ်ချထားပြီး ဒါဟာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်တာလို့လည်း ပြောပါတယ်။အီဂျစ်၊ အမေရိကန်နဲ့ ကာတာတို့ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ရရှိခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး ပထမအဆင့်ဟာ မတ်လ ၁ ရက်မှာ သက်တမ်းကုန်ဆုံးခဲ့ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ အထူးသံတမန် စတိဝှစ်အော့ဖ်အဆိုပြုထားတဲ့ ယာယီသက်တမ်းတိုးမှုကို ဟားမတ်စ်တို့က လက်ခံဖို့ ငြင်းဆိုထားကြောင်း အစ္စရေးဝန်ကြီးချုပ်ရုံးက ပြောပါတယ်။

news-view-count-icon

25