လားရှိုးမြို့မှာ အသက်အရွယ်မရွေး မျက်စိအတွင်းတိမ်ရောဂါ အခမဲ့ ခွဲစိတ်ကုသမှုကို မနေ့ မတ်လ ၁ ရက်ကစပြီး လာမယ့် မတ်လ ၇ ရက်အထိ ကုသပေးသွားမှာ ဖြစ်ပါသည်။လားရှိုးမြို့ပေါ်က ရပ်ကွက်အလိုက် စာရင်းကောက်ယူထားတဲ့ လူဦးရေ ၂၀၀ ကျော်အထိ ရှိလာတာဖြစ်ပြီး အဲဒီအထဲမှာမှ သေချာစမ်းသပ် စစ်ဆေးပြီးမှ ခွဲစိတ်မှု ပြုလုပ်သွားမှာ ဖြစ်တယ်လို့ လားရှိုးပြန်လည်ထူထောင်ရေးမှ တာဝန်ရှိသူတစ်ဦးထံမှသိရပါသည်။လက်ရှိ ရရှိထားတဲ့ စာရင်းအရ လူဦးရေ ၂၀၀ ကျော်ကို ၃ ရက်နေ့အထိ စမ်းသပ်စစ်ဆေးပေးသွားမှာဖြစ်ပြီး တစ်ရက်ကို လူဦးရေ ၇၀ အထိ စစ်ဆေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။



