ဘုရားဖူးထွက်လာသည်ဟုဆိုကာ အလှူခံနေသည့် သံဃာအတုတစ်ဦးကို သာသနာထိန်းသိမ်းရေး သံဃာတော်ကြီးများမှ စစ်ဆေး၍ လူဝတ်လဲကာ ရဲလက်အပ်လိုက်သည့်ဖြစ်ရပ် ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်း မြို့နယ်အတွင်း ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ရဟန်းတို့ သိသင့်သိထိုက်သည့် အခြေခံဝိနည်းအကြောင်းများကို မေးကြည့်ရာတွင်လည်း စာမတတ်ကြောင်းသာ ဖြေကြားခဲ့ခြင်းလည်းဖြစ်သည်ဟု သိရသည်။ဒေသအတွင်း လက်ရှိအချိန်အထိ သံဃာတော်ဖြစ်ရပ်များနှင့်ပတ်သက်၍ သုံးခုရှိပြီး ပထမတစ်ခုမှာ ခံဝန်ထိုးခိုင်းသည့် သံဃာတော်တစ်ပါး၊ ကျောင်းထိုင်ဆရာတော်တစ်ပါးလည်း ခံဝန်ထိုးရသည်ဖြစ်ရပ်နှင့် ယခု သံဃာတုကို လူဝတ်လဲလိုက်သည့်ဖြစ်ရပ်တို့ ဖြစ်ကြကြောင်း၊ ပြီးခဲ့သောလအတွင်းက သံဃာအတု သုံးဦးကို လူဝတ်လဲ၍ အရေးယူလိုက်ခြင်းများလည်းရှိကြောင်း ယင်းဒေသခံများထံမှ သိရသည်။



