ဧရာဝတီမြစ်ရေသည် ယခုမတ်လ ပထမ (၁၀)ရက်ပတ်အတွင်း လက်ရှိရေမှတ်အထက် ပေဝက်ခန့်မြင့်တက်လာနိုင်သော်လည်း မန္တလေးမြို့၏ ရေနည်းသတိပေးမှတ် (၃၆၀) စင်တီမီတာ အောက်တွင်သာ ဆက်လက်တည်ရှိနိုင်ကြောင်း မိုး/ဇလက သတိပေးထားသည်။အလားတူ ချင်းတွင်းမြစ်ရေ အခြေအနေသည်လည်း မုံရွာမြို့တွင် (၉၃)စင်တီမီတာသို့ ရောက်ရှိနေပြီး ၊ မတ်လ ပထမ (၁၀)ရက်ပတ်အတွင်း လက်ရှိရေမှန်အောက် (၃)လက်မအောက် ကျဆင်းလာနိုင်ကာ မုံရွာမြို့၏ ရေနည်းသတိပေးမှတ် (၁၀၀)စင်တီမီတာအောက်တွင် ဆက်လက်တည်ရှိနိုင်ကြောင်း အသိပေးထားသည်။



