မန်စီးတီးအသင်း ကွင်းလယ်ကစားသမား ရိုဒရီ အနေနဲ့ ဒူးအရွတ်ဒဏ်ရာမှ ပြန်လည်သက်သာလာခဲ့လို့ အပေါ့စား လေ့ကျင့်ခန်းများ ပြုလုပ်လျက်ရှိကြောင်း သိရပါတယ်။ ကွင်းလယ်ကစားသမား ရိုဒရီ ဟာ ဒူးအရွတ်ဒဏ်ရာကြောင့် ပြီးခဲ့တဲ့ ၂၀၂၄ စက်တင်ဘာလကတည်းက အနားယူနေခဲ့ရပြီး လက်ရှိအချိန်မှ ပြန်လည်သက်သာလာခဲ့တာဖြစ်ပါတယ်။



