အာရှဖလားခြေစစ်ပွဲစဉ်အတွက်ရွေးချယ်ထားသည့် မြန်မာ့လက်ရွေးစင် ပဏာမကစားသမားစာရင်းတွင် သစ္စာအားမာန်အသင်းမှ မင်းမော်ဦးနှင့် ဒဂုံပေါ့တ်အသင်းမှ မျိုးဆက်ပိုင် တို့ ရွေးချယ်ခံထားရကြောင်း သိရှိရပါသည်။မြန်မာ့လက်ရွေးစင်အသင်းဟာ မတ်လအတွင်း အဖဂန်နစ္စတန်အသင်းနှင့် အာရှဖလားခြေစစ်ပွဲစဉ်ကို အိမ်ကွင်းမှာ လက်ခံကစားသွားရမှာပဲ ဖြစ်ပါသည်။



