၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၏ ဆယ်လတာကာလအတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၆၅၆.၁၅ သန်းသာ ရရှိထားကြောင်း DICA မှ ထုတ်ပြန်ထားသည်။ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍသည် ဒေါ်လာ ၃၅၇.၀၄ သန်းဖြင့် အများဆုံး ရင်းနှီးမြှုပ်နှံမှု လက်ခံရရှိခဲ့ပြီး၊ စက်မှုကုန်ချောကဏ္ဍနှင့် ပို့ဆောင်ရေး-ဆက်သွယ်ရေးကဏ္ဍများလည်း အသီးသီး ဒေါ်လာ ၁၄၈.၆၄ သန်းနှင့် ၈၇.၇၁ သန်း ဝင်ရောက်ခဲ့ကြောင်း သိရသည်။နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံးဝင်ရောက်သူမှာ စင်ကာပူဖြစ်ပြီး တရုတ်နှင့် ထိုင်းတို့မှလည်း ရင်းနှီးမြှုပ်နှံမှုရှိသည်။ သို့သော် ယခင်နှစ်များနှင့် နှိုင်းယှဉ်လျှင် အလွန်နည်းနေပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ထက် ထက်ဝက်လောက် ကျဆင်းခဲ့ကြောင်း သိရသည်။



