back

ဂျပန်တွင် ဆယ်စုနှစ်သုံးခုအတွင်း အကြီးမားဆုံး တောမီးလောင်ကျွမ်းမှုဖြစ်ပွား

Mar 02 • 9:03 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဂျပန်တွင် ဆယ်စုနှစ်သုံးခုအတွင်း အကြီးမားဆုံး တောမီးလောင်ကျွမ်းမှုဖြစ်ပွား

ဂျပန်နိုင်ငံအိုင်ဝါတီမြောက်ပိုင်း၊ အော့ဖူနာတို သစ်တောတွင် ဖေဖော်ဝါရီ ၂၆ ရက်မှစတင်၍ ဟက်တာ ၁၂၀၀ ခန့် မီးလောင်ခဲ့ခြင်းကြောင့် လူတစ်ဦး သေဆုံးပြီး လူ ၁၀၀၀ ကျော်ကို ဘ...

ဂျပန်နိုင်ငံအိုင်ဝါတီမြောက်ပိုင်း၊ အော့ဖူနာတို သစ်တောတွင် ဖေဖော်ဝါရီ ၂၆ ရက်မှစတင်၍ ဟက်တာ ၁၂၀၀ ခန့် မီးလောင်ခဲ့ခြင်းကြောင့် လူတစ်ဦး သေဆုံးပြီး လူ ၁၀၀၀ ကျော်ကို ဘေးလွတ်ရာရွှေ့ပြောင်းခဲ့ရသည်။ ၎င်းသည် ၁၉၉၂ ခုနှစ်က ဟော့ကိုင်းဒိုးတွင် ဖြစ်ပွားခဲ့သည့် တောမီးကြီးမှအပြီး အကြီးမားဆုံးဖြစ်ပြီး မီးသတ်သမား ၁၇၀၀ ခန့်က မီးထိန်းချုပ်ရေး ဆောင်ရွက်နေသည်။ မီးလောင်မှုကြောင့် အဆောက်အဦး ၈၀ ကျော် ပျက်စီးခဲ့ပြီး မီးလောင်ရသည့် အကြောင်းရင်းကိုတော့ မသိရသေးပေ။ ၂၀၂၃ ခုနှစ်တွင်လည်း ဂျပန်တွင် တောမီးလောင်ကျွမ်းမှု ၁၃,၀၀၀ ခန့် ဖြစ်ပွားခဲ့ပြီး မိုးခေါင်သော ဖေဖော်ဝါရီမှ ဧပြီလအတွင်း မီးလောင်မှုများ များပြားလေ့ရှိသည်။


news-view-count-icon

19