ရန်ကုန်တိုင်း ပန်းဘဲတန်းမြို့နယ်မှာ ထွေအုပ်ဝန်ထမ်းအယောင်ဆောင်ပြီး ငွေကြေးလိမ်လည် တောင်းခံနေတဲ့ အမျိုးသား (၂)ဦးကို ဖမ်းဆီးရန် ရှာဖွေနေပါတယ်။ဖေဖော်ဝါရီ လ ၂၈ ရက် နေ့လည်(၂)နာရီက ပန်းဘဲတန်းမြို့နယ် အမှတ်(၆) ရပ်ကွက် ရွှေဘုံသာလမ်း အမှတ် (၁၅၄/၁၅၆) ရှိ ဒိုင်မွန်းဖလားဝါး ကျောက်မျက် ရတနာဆိုင်ကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝတ်စုံဝတ် ဆင်ထားတဲ အမျိုးသား(၁)ဦး နဲ့ အရပ်ဝတ် အမျိုးသားတစ်ဦးတို့ ဝင်ရောက်လာခဲ့ပါတယ်။ငွေကြေးလိမ်လည်သူ အမျိုးသား(၂)ဦးသည် ကားအဖြူရောင်ဖြင့်လာရောက်ခြင်းဖြစ်ပြီး အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာန ဝတ်စုံဝတ်ဆင်ထားကာ လိုက်လံလိမ်လည်နေတာ ဖြစ်ပါတယ်။ထွေအုပ်ဝတ်စုံနဲ့ လိမ်လည်သူမှာ ဧရာဝတီတိုင်း ဒေးဒရဲ မြို့ (၁)ရပ်ကွက် လမ်းမတော်လမ်းရှိ ကျန်ကျောင်း လက်ဖက်ရည်ဆိုင်မှ ဇင်မင်းထက် (ခ)ကျန်ကျောင်းဟု သိရှိရပြီး ကျန်အချက်အလက်များကို ဆက်လက် စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။လက်ရှိတွင် ပန်းဘဲတန်းမြို့မရဲစခန်းမှ အမှုအမှတ် ပ ၂၈/၂၀၂၅ ရာဇသတ်ကြီးပုဒ်မ ၁၇၀၊ ၄၂၀ဖြင့် အမှုဖွင့် လှစ်ထားပြီး လိမ်လည်သူ၂ဦးကို ဖမ်းဆီးရမိရေးဆောင်ရွက်နေကြသည်ဟု သိရပါတယ်။



