မတ်လ ၁ ရက်နေ့ ၁၇နာရီ၀၀ အချိန် တွင်မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သက်သေများနှင့်အတူ ကျိုင်းတုံမြို့နယ်၊ ကျိုင်းဖောင်းကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် ကျလော မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ခွကြားတွင် သယ်ဆောင်လာသော ခရီးဆောင်အိတ်အတွင်းမှ ဘိန်းစိမ်း အလေးချိန် ၂၇ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၃၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ကျလော(၁၉)နှစ်အား ကျိုင်းတုံမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိပါတယ်။
| 29 | 0 | 0 | 0 |


