back

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ခွင့်ပါမစ် သက်တမ်းကုန်ဆုံးသည့် (လူဟောင်း) မြန်မာအလုပ်သမားများအနေဖြင့် Name List စာရွက်ရရှိပါက အခြားနယ်မြေသို့ သွားရောက်လည်ပတ်နိုင်

Mar 02 • 7:15 AM

breaking-news

မြန်မာ

ပြည်ပ

cover

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ခွင့်ပါမစ် သက်တမ်းကုန်ဆုံးသည့် (လူဟောင်း) မြန်မာအလုပ်သမားများအနေဖြင့် Name List စာရွက်ရရှိပါက အခြားနယ်မြေသို့ သွားရောက်လည်ပတ်နိုင်

ထိုင်းနိုင်ငံ၊မဲဆောက်တွင် ဖေဖော်ဝါရီ ၁၃ ရက်က အလုပ်လုပ်ကိုင်ခွင့်ပါမစ် သက်တမ်းကုန်ဆုံး၍ သက်တမ်းတိုးထားသည့် (လူဟောင်း) မြန်မာအလုပ်သမားများအနေဖြင့် (Name List) စ...

ထိုင်းနိုင်ငံ၊မဲဆောက်တွင် ဖေဖော်ဝါရီ ၁၃ ရက်က အလုပ်လုပ်ကိုင်ခွင့်ပါမစ် သက်တမ်းကုန်ဆုံး၍ သက်တမ်းတိုးထားသည့် (လူဟောင်း) မြန်မာအလုပ်သမားများအနေဖြင့် (Name List) စာရွက်ရရှိပါက အခြားနယ်မြေသို့ သွားရောက်လည်ပတ်နိုင်ပါတယ်။"စစ်ဆေးရေးဂိတ်ရောက်တဲ့အခါ တာဝန်ရှိသူတွေက စစ်ဆေးရင် ကိုယ်ကိုင်ဆောင်ထားတဲ့ ဥပမာ နိုင်ငံကူးလက်မှတ် PJ ၊ CI စာအုပ်နဲ့ သက်ထားတိုးထားကြောင်း သက်သေခံ Name List စာရွက်ပါတွဲပြီးပြပါ ခွင့်ပြုပါတယ်" ဟု မဲဆောက်လူဝင်မှာကြီးကြပ်ရေးဦးစီးဌာနက လဝက အရာရှိတစ်ဦးက ပြောသည်။သို့ရာတွင် မိမိသွားရောက်လည်ပတ်မည့် ဒေသတွင် ညအိပ်ခရီး သွားရောက်မည်ဆိုပါက သက်ဆိုင်ရာနယ်မြေရှိလူဝင်မှုကြီးကြပ်ရေးဌာနတွင် ဧည့်စာရင်း တိုင်ကြားရမည်ဖြစ်ပြီး တာဝန်ရှိသူများက ထုတ်ပေးသည့် ဧည့်စာရင်းစာရွက်ကို မိမိနှင့်အတူတစ်ပါးတည်း ယူဆောင်လာမည်ဖြစ်ကာ တာဝန်ရှိသူများ စစ် ဆေးသည့်အခါတွင် မိမိ၏ နေထိုင်ခွင့်အထောက်အထား စာရွက်စာတမ်းများနှင့်အတူ ပြသရမည်ဖြစ်ပါတယ်။


news-view-count-icon

28