ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ၀၆နာရီအချိန် တွင် ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ကလေးမြို့နယ်၊ ဒိုးဝိုင်းချောင်းကျေးရွာအနီးတွင် မျိုးထက်အောင်(ခ)အရှည်ကြီး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်နှင့် မျိုးဇော်ဦး(ခ)မောင်ပြူး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်တို့အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းတို့ထံမှ ဘိန်းဖြူ အလေးချိန် ၁၁ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၅,၅၀၀)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မျိုးထက်အောင်(ခ)အရှည်ကြီး(၃၃)နှစ် နှင့် မျိုးဇော်ဦး(ခ)မောင်ပြူး(၃၁)နှစ်တို့အား ကလေးမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိပါတယ်။



