ဖေဖော်ဝါရီလ၂၈ရက်နေ့က တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်းဟာ အိန္ဒိယသမုဒ္ဒရာထဲက မာဒါဂါစကာ အရှေ့ ဘက်မှာရှိတဲ့ လာရီယူနီယံကျွန်းစုရဲ့ မြောက်ဘက်ပိုင်းမှာ ကုန်းတွင်းပိုင်းကို ဝင်ရောက်ခဲ့ရာ အိမ်ခေါင်မိုးများ လွှင့်ကာ လျှပ်စစ်မီး ပြတ်တောက်ပြီး ဒေသခံများ သောက်သုံးရေ ရရှိရေး အခက်အခဲအများအပြား ရှိနေကြောင်း သိရသည်။မုန်တိုင်းသည် နာရီများစွာကြာအောင်တိုက်ခတ်ပြီးနောက် ကျွန်း၏အနောက်တောင်ဘက်သို့ ထွက်ခွာသွားကြောင်း Meteo France မိုးလေဝသအေဂျင်စီက ပြောကြားခဲ့သည်။



