မတ်လ ၁ ရက်နေ့ မြန်မစံတော်ချိန်၁၆နာရီ၄၅မိနစ် အချိန် တွင်မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ ဂေါ်သဇင်လမ်းတွင် နိုင်ကိုဦး မောင်းနှင်ပြီး မနန်းကူ လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းတို့ထံမှ စိတ်ပြောင်း ဆေးဝါး Happy Water အလေးချိန် ၁.၂ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၁,၃၂၀)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ၁၇နာရီ၀၀ အချိန် အဆိုပါ စိတ်ပြောင်းဆေးဝါးများ ရောင်းချသူ မနန်းရှဲန်ဟောင် အား ၎င်းနေထိုင်သည့် တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်ရှိ နေအိမ်တွင် လက်ကိုင်ဖုန်း ၁ လုံးနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် နိုင်ကိုဦး(၂၃)နှစ်၊ မနန်းကူ(၂၂)နှစ် နှင့် မနန်းရှဲန်ဟောင်(၂၈)နှစ်တို့အား တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိပါတယ်။
ရှမ်းပြည်နယ်၊တာချီလိတ်မြို့တွင် ငွေကျပ်သိန်း ၁,၃၂၀ တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး Happy Water များ ဖမ်းဆီးရမိခဲ့
Mar 02 • 6:35 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 17 | 0 | 0 | 0 |


