back

မန္တလေးသွားဘက်ဆိုင်ရာဆေးတက္ကသိုလ်၌ Symposium နှင့် Hands On သင်တန်းများ ပြုလုပ်ခဲ့

Mar 02 • 4:19 AM

breaking-news

မြန်မာ

မန္တလေး

breaking-news
cover

မန္တလေးသွားဘက်ဆိုင်ရာဆေးတက္ကသိုလ်၌ Symposium နှင့် Hands On သင်တန်းများ ပြုလုပ်ခဲ့

ဖေဖော်ဝါရီ ၂၈ ရက်နှင့် မတ် ၁ ရက်တို့တွင်ခေတ်မီဆန်းသစ်လာသော Digital Technology အသုံးပြု၍ သွားနှင့် ခံတွင်းရောဂါများကို ပိုမိုထိရောက် မြန်ဆန်စွာနှင့် လွယ်ကူစွာကုသ...

ဖေဖော်ဝါရီ ၂၈ ရက်နှင့် မတ် ၁ ရက်တို့တွင်

ခေတ်မီဆန်းသစ်လာသော Digital Technology အသုံးပြု၍ သွားနှင့် ခံတွင်းရောဂါများကို ပိုမိုထိရောက် မြန်ဆန်စွာနှင့် လွယ်ကူစွာကုသနိုင်ရန်အတွက် Digital Dentistry ကို တွင်ကျယ်စွာ အသုံးပြုနိုင်ရန် ရည်ရွယ်၍ “Symposium on Digital Dentistry : Its Changes and Challenges ” ကို သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် - မန္တလေးရှိ ဇမ္ဗူရစ်ရွှေစင်ခန်းမ၌ ကျင်းပခဲ့ပါတယ်။အဆိုပါ Symposium တွင် ကိုရီးယားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ပညာရှင်လေးဦး၊ ပြည်တွင်းမှ ပညာရှင်သုံးဦးတို့က ဟောပြောဆွေးနွေးခဲ့ကြပြီး အဆိုပါတက္ကသိုလ်မှ သင်ကြားရေးဆရာ ဆရာမများ၊ဘွဲ့လွန်သင်တန်းသား သင်တန်းသူများ၊ ကန်တော်နဒီ သွားနှင့် ခံတွင်းကုသရေးဆေးရုံနှင့် ခုတင်(၃၀၀)ဆံ့ သင်ကြားရေးဆေးရုံတို့မှ သစ်လွင်သွားနှင့် ခံတွင်းဆရာဝန်များ စုစုပေါင်း ၁၀၀ ခန့် စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ကြပါတယ်။



news-view-count-icon

25