back

တောင်ကိုရီးယားနိုင်ငံရဲ့ Smart Farm နည်းပညာပြပွဲကို မြန်မာလုပ်ငန်းရှင်တွေလာရောက်ဖို့ဖိတ်ခေါ်ထား

Mar 02 • 3:54 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

တောင်ကိုရီးယားနိုင်ငံရဲ့ Smart Farm နည်းပညာပြပွဲကို မြန်မာလုပ်ငန်းရှင်တွေလာရောက်ဖို့ဖိတ်ခေါ်ထား

တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပမယ့် Smart Farm Korea 2025 (SFKOREA 2025) ပြပွဲအတွက် မြန်မာက လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ထားတယ်လို့ မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေ...

တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပမယ့် Smart Farm Korea 2025 (SFKOREA 2025) ပြပွဲအတွက် မြန်မာက လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ထားတယ်လို့ မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ က သိရပါတယ်။ "တောင်ကိုရီးယား ကုန်စည်နဲ့ နည်းပညာတွေကို ဝယ်ယူလိုတဲ့ မြန်မာနိုင်ငံက Buyers တွေ ၊ ရင်းနှီးမြှုပ်နှံလိုသူတွေ၊ Smart Farming ကဏ္ဍက ကျွမ်းကျင်ပညာရှင်တွေနဲ့ အစိုးရအဖွဲ့အစည်းတွေက လယ်ယာစိုက်ပျိုးရေးဆိုင်ရာသုတေသနပညာရှင်တွေ ပါဝင်တက်ရောက်ဖို့ ဖိတ်ကြားထားတာဖြစ်ပါတယ်လို့ " မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ ကပြောပါတယ်။ပြပွဲကို တောင်ကိုရီးယားနိုင်ငံ Gyeongsangnam-do ပြည်နယ်၊ Changwon မြို့ရှိ Changwon Convention Center မှာ လာမယ့် မေ ၂၁ ရက် ကနေ၂၃ ရက်အထိ ကျင်းပသွားမှာဖြစ်ပါတယ်။Smart Farming အတွက် လိုအပ်တဲ့ နည်းပညာအမျိုးမျိုးကို မိတ်ဆက်ပေးဖို့၊ နဲ့ အနာဂတ် လယ်ယာစိုက်ပျိုးရေးနဲ့ မွေးမြူရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင်မယ့် လယ်သမားတွေကို အကူညီပေးဖို့ အတွက် ရည်ရွယ်ပြီး ၊ ပြပွဲ ကို ကျင်းပတာဖြစ်ပါတယ်။





news-view-count-icon

25