back

စစ်ကိုင်းတိုင်း၊ကလေးမြို့နယ် တောင်ပိုင်းက ဒေသခံ နှစ်သောင်းကျော် ဆေးဝါးအကူညီလိုအပ်နေ

Mar 02 • 2:22 AM

breaking-news

မြန်မာ

စစ်ကိုင်း

breaking-news
cover

စစ်ကိုင်းတိုင်း၊ကလေးမြို့နယ် တောင်ပိုင်းက ဒေသခံ နှစ်သောင်းကျော် ဆေးဝါးအကူညီလိုအပ်နေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် (တောင်ပိုင်း) က ဒေသခံ နှစ်သောင်းကျော် ခန့်ကလေးမြို့နယ် (တောင်ပိုင်း) က ဆယ်တော်၊ ရန်ကြီးအောင်၊ ကျော်ရွာ၊ မန်တော၊ ရှားဖို၊ ကုက္ကို၊ ...

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် (တောင်ပိုင်း) က ဒေသခံ နှစ်သောင်းကျော် ခန့်ကလေးမြို့နယ် (တောင်ပိုင်း) က ဆယ်တော်၊ ရန်ကြီးအောင်၊ ကျော်ရွာ၊ မန်တော၊ ရှားဖို၊ ကုက္ကို၊ တင်သား၊ ဒိုးနွယ်၊ အရှေ့စီး၊ မြောက်စီး၊ ရေရှင်၊ ရှားတော၊ ကြန်သာ အစရှိတဲ့ ကျေးရွာပေါင်း ၁၅ ရွာလောက်က ဒေသခံများသည် စားနပ်ရိက္ခာနဲ့ ဆေးဝါး အကူအညီတွေ အရေးပေါ် လိုအပ်နေပြီး နေထိုင်၊ စားသောက်ရေး အခက်အခဲကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်နေတဲ့သူတွေလည်း ရှိကာ သူတို့အတွက် ကျန်းမာရေး စောင့်ရှောက်မှု ထိထိရောက်ရောက် ပေးနိုင်ဖို့လည်း လိုအပ်နေတယ်” လို့ ကူညီပေးနေသူက ပြောပါတယ်။သောက်သုံးရေ မသန့်ရှင်းတာကြောင့် လူခုနစ်ဦးခန့် ဝမ်းရောဂါ စတင်ဖြစ်ပွားခဲ့ပြီး လက်ရှိမှာ လူ ၁၀၀ ခန့် ကူးစက်ခံထားရပါတယ်။ဝမ်းရောဂါ ဖြစ်ပွားမှုအပြင် ရေရှားပါးတာနဲ့ တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းတဲ့ ကိစ္စရပ်တွေကြောင့် အရေပြားရောဂါ ဖြစ်ပွားမှုတွေလည်း ရှိနေပါတယ်။

news-view-count-icon

58