လီဗာပူးအသင်းက လာမည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် အသင်းတိုက်စစ်ပိုင်းမှ ဒါဝင်နူနက် ကိုရောင်းချပြီး ဘရိုက်တန်အသင်းနှင့် အကောင်းဆုံး ခြေစွမ်းကို ပြသလျက်ရှိနေတဲ့ ဂျာအိုပက်ဒရို နဲ့ အစားထိုးရန် ပြင်ဆင်နေကြောင်း သိရပါတယ်။ ဒါဝင်နူနက် ဟာ ဘင်ဖီကာအသင်းမှာ ကစားခဲ့စဉ်က ထိပ်တန်းအဆင့်ရှိ ခြေစွမ်းကို ပြသနိုင်ခဲ့သော်လည်း ၂၀၂၂ ခုနှစ်က လီဗာပူးအသင်းသို့ ပြောင်းရွှေ့ကစားခဲ့ပြီးနောက် ခြေစွမ်းပြသနိုင်ရန် ရုန်းကန်နေရပြီး အပိုင်ဂိုးသွင်းခွင့်များ အကြိမ်ကြိမ် လွဲချော်နေခဲ့လို့ ဝေဖန်မှုများနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။



