အရှိန်အဟုန်မပျက် အလွန်အကျွံ လုပ်ကိုင်နေကြသော ရွှေတူးဖော်ရေး လုပ်ငန်းကြောင့် မြစ်ငါး ရှားပါးလာမှု အပါအဝင် နောက်ဆက်တွဲအခြေအနေဆိုးများ ထွက်ပေါ်လာနေသည်။မြစ်အစပိုင်းမှ အဆုံးပိုင်းအထိ ရေနမူနာ ၃၆ ခုကို ဓာတ်ခွဲစစ်ဆေးထားသည့် Myanmar Resource Watch အဖွဲ့က သုတေသနလုပ် တွေ့ရှိချက်များကို ထုတ်ပြန်ထားသည်။



