ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်း Aomori ခရိုင်မှာ နှင်းထဲမှာ သိမ်းဆည်းထားတဲ့ ပန်းသီးတွေကို တူးဆွပြီး အရသာမြည်းစမ်းဖို့ လူတွေ စုဝေးခဲ့ကြပါတယ်။ နှစ်စဉ်ကျင်းပတဲ့ အဲဒီပွဲကို ခရီးသွားတွေအပါအဝင် လူ ၃၀ လောက်က ဗုဒ္ဓဟူးနေ့မှာ ဆင်နွှဲခဲ့ကြပါတယ်။ Aomori မြို့ရဲ့ သစ်သီးကုမ္ပဏီနဲ့ တခြားလူတွေဟာ Hakkoda တောင်တန်းပေါ်က မီတာ ၇၅၀ လောက်မြင့်တဲ့ ကုန်းမြင့်ဒေသမှာ အဲဒီပွဲကို စီစဉ်ကျင်းပခဲ့ကြပါတယ်။ စုပုံနေတဲ့ နှင်းထု ၄ မီတာကျော်ကို တူးဖို့ စက်ယန္တရားကြီးတွေကို အသုံးပြုခဲ့ပါတယ်။ အဲဒီပန်းသီးတွေကို အပူချိန်နဲ့ စိုထိုင်းဆ တည်ငြိမ်မှု ရှိတဲ့ နှင်းထုအောက်မှာ နှစ်လလောက် သိမ်းဆည်းထားခဲ့တာပါ။ ဒီအခြေအနေတွေအောက်မှာ ပန်းသီးတွေဟာ ပိုပြီးချိုလာပါတယ်။ ပန်းသီးတွေကို နိုင်ငံတစ်ဝန်းမှာရှိတဲ့ စူပါမားကတ်တွေမှာ ရောင်းချမှာ ဖြစ်ပါတယ်။



